လွိုင်လင် ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သုံးထပ်စာသင်ဆောင်သစ်ဖွင့်ပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဘက်စုံပညာရည်ထူးချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပါသည်။
ရှေးဦးစွာ သုံးထပ်စာသင်ဆောင်သစ်ဖွင့်ပွဲကို ကျင်းပရာ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေး ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဂျမှူး၊ မြို့နယ်ပညာရေးမှူး ဦးသန်းစိုး၊ ကျောင်အုပ်ဆရာမကြီး ဒေါ်နန်းရွှေရွှေလွင်နှင့် ကျောင်းအကျိူတော်ဆောင်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ ထို့နောက် ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရေးထူးချွန်ဆုပေးပွဲကို ကျင်းပရာ ကျောင်သား/သူများက စုံညီပွဲတော်တို့နွဲပျော် သီချင်းသီဆို၍ ဖွင့်လှစ်ပေးပါသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦသန်းစိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် ကျောင်းအုပ်ဆရာမကြီးက သင်ကြားစီမံကိစ္စများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းအကျိူတော်ဆောင်တစ်ဦးမှ အကြံပြုဆွေးနွေးပါသည်။ဆက်လက်၍ ပညာရည်ထူးချွန်ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြသည်။ ဆက်လက်၍ ကျောင်းသား/သူများ၏ အဆိုအကတေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေကြကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး(ခရိုင်၊ ပြန်/ဆက်)