ကွန်ဟိန်းမြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကျင်းပ

ကွန်ဟိန်း အောက်တိုဘာ   ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲအား ယနေ့ နံနက် ၈နာရီ အချိန်ခန့် က နမ့်ပန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးနေလင်းအောင်မှ သင်တန်းဆင်းအမှာ စကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ၁ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ရွေးကောက်ပွဲကာလအတွင်း တာဝန်ထမ်းဆောင်မည့် အထူးရဲများ သိသင့်သိထိုက်သော ဘာသာရပ်များ၊ လိုက်နာရမည့်ကျင့်ဝတ်များကို သင်ကြားပို့ချပေးခဲ့သည်။

ကွန်ဟိန်းမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည့်မဲရုံ(၄၄)ရုံ လျာထားပြီး အထူးရဲ(၄၄)ဦး အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်း၍ ပေးအပ်သော တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ပြီး သင်တန်းဆင်းပွဲသို့ မြို့နယ်ရဲတပ်ဖွဲမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သင်တန်းနည်းပြဆရာများ၊ သင်တန်း သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွေးခိုင်(ပြန်/ဆက်)