ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၈၂ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး

ဇမ္ဗူသီရိ ဇန်နဝါရီ ၁၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဇန်နဝါရီ ၁၆ ရက်နေ့ တွင် ဇေယျသိဒ္ဓိရပ်ကွက်အတွင်းမှ ကျား ၃၆ဦး၊ မ ၄၆ဦး စုစုပေါင်း ၈၂ဦး၏ Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)