မြစ်သား ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်သူ့သက်သာဈေးရောင်းပွဲတော်အား သက်သာသောစျေးနှုန်းနှင့် စားသောက်ကုန် ပစ္စည်း(၈)မျိုး ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်(၇) နာရီမှ (၁၀)နာရီထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စျေးနှုန်းသက်သာ စွာဖြင့် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ရာ သတ်မှတ်ထားသော စျေးနှုန်းများဖြင့် သာရောင်းချရန်၊ ဆန် (၃၀) အိတ် တစ်ပြည်လျှင် (၃၂၀၀)ကျပ်နှုန်း၊ စားအုန်းဆီ (၄၄၀) ပိဿာအား တစ်ပိဿာ (၅၄၀၀)ကျပ်နှုန်း၊ အမဲသား (၇၀) ပိဿာအား တစ်ပိဿာ ( ၁၀၀၀၀ )ကျပ်နှုန်း ၊ ဝက်သား( ၅၀ )ပိဿာအား တစ်ပိဿာ(၁၃၀၀၀)ကျပ်နှုန်း၊ ဆိတ်သား(၂၅)ပိဿာအား တစ်ပိဿာ(၂၀၀၀၀) ကျပ်နှုန်း၊ ကြက်သား(၇၀)ပိဿာအား တစ်ပိဿာ (၈၀၀၀) ကျပ်နှုန်း၊ ငါး(၅၀)ပိဿာအား တစ်ပိဿာ (၄၅၀၀) ကျပ်နှုန်း၊ ကြက်ဥ (၆၀၀၀)လုံးအား တစ်လုံး (၂၀၀) ကျပ်နှုန်း စုစုပေါင်း (၈)မျိုးတို့ကို ဒေသခံပြည်သူ(၈၁၀)ဦးခန့် သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ စျေးဝယ်သူများမှ စည်းကမ်းနှင့်အညီ တန်းစီဝယ်ယူရန်၊ စျေးနှုန်းမှန်ကန်စွာ ရောင်းပေးနိုင်ရေးအတွက် မြို့မစျေးအတွင်းရှိ စျေးဆိုင်များကိုလည်း လိုက်လံစစ်ဆေးကြပ်မတ်ပေးကာ သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးမှုကိုလည်း တစ်လလျှင် (၁)ကြိမ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)