မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲ ကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ ညနေ(၀၃:၃၀) နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက  စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများ အကြောင်းအရာကို ဟောပြော​ပြီး​နောက် တက်ရောက်လာသော​ ကျောင်းသား/သူများက ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ပြသထား​သော အသိပညာ​ပေးစာအုပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအကြောင်းအရာများနှင့် အမျိုးအစားအကြောင်းအရာများပါသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)