ရန်ကုန် ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦး မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၈) နာရီ (၃၀) မိနစ်က အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်တွင် ဆောင်ရွက်သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ ကွက်သစ် (၁) လမ်း Censun Unit 002 တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် အဆောက်အဦး စာရင်းတင်ခြင်း (ဆ-၀၂) ကောက်ယူခြင်းလုပ်ငန်းကို အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသုခလှိုင်၊ အဖွဲ့ဝင် (၃) ဦးညီညီစိုး၊ အတွင်းရေးမှူး ရဲမှူးသန့်ဇင်၊ မြို့နယ်လဝကမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများကပူးပေါင်း၍ အဖွဲ့ (၂) ဖွဲ့ခွဲကာ အဆောက်အဦး မှတ်တမ်းတင်ခြင်း လုပ်ငန်းအား ဆောင်ရွက်ရာ အင်းစိန်ခရိုင် ခရိုင်လဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေမှူး ဦးမင်းဆွေမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)