ငါ့သရောက် ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ငါ့သရောက်မြို့ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများ အသင်းမှ (Book Club) အဖွဲ့ဝင် ဒေါ်နုနုက စာရေးဆရာ မိုးပန်းမွန်ရေးသားသော “ရွှေရောင်လူငယ်နှင့်ရွှေရောင်အနာဂတ်” စာအုပ်မှ တန်ဖိုးရှိသောလူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဒေါ်ပန်းပြည့်မိုးက “လူငယ်နှင့်အချိန်၏တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဆောင်ဆွေးနွေးရာ စာဖတ်ဝိုင်း တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များက ဗဟုသုတရစေမည့် စာအုပ်ပါအကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
င့ါသရောက်(ပြန်/ဆက်)