မိုင်းကိုင် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မိုင်းကိုင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို “ကြိုဆိုပါသည်” စုံညီပွဲတော်အဖွင့်သီချင်းဖြင့် အခမ်းအနားစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်ထွေးရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အ.ထ.က(ခွဲ) မိုင်းကိုင်မှ အခြေခံပညာအဆင့်၊ ရှမ်းပြည်နယ်အဆင့်၊ လွိုင်လင်ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူ (၄၂) ဦးကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းထွေးထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက အကအလှများ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
နန်းအေးအေးသိန်း