မိုးညှင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယခုပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုးညှင်း ဇန်နဝါရီ ၁၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီ (၁၅)ရက် နံနက်(၉)နာရီခွဲက အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ Grade-10 မှ ကျောင်းသားကျောင်းသူများက စုံညီပွဲတော် ဒို့နွှဲပျော်တေးသီချင်းဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်၍ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်၍ အမှာစကားများပြောကြားကြပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ဆုများရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများမှ တေးသီချင်းအကအလှများဖြင့် အခမ်းအနား အစီအစဉ်အတိုင်း သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း