ဒလမြို့နယ် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဒလ ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင့်ဝါစိုးက လေထုညစ်ညမ်းမှုအကြောင်းနှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် အိုဇုန်းလွှာပျက်စီးခြင်းအကြောင်း သိကောင်းစရာများကိုဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများကလေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာများပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့်အဖွဲ့ဝင်များ၊ ကျောင်သား၊ ကျောင်းသူစုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြသည်။

မြင့်ဇော်(ပြန်/ဆက်)