တိုက်ကြီး ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာအုပ်စု ကွင်းအမှတ်(၇၃၀)ဦးပိုင်အမှတ် ၄၀ တောင်သူဦးလှဝင်းလယ်မြေဧရိယာ ၂ဧကတွင် Seeder အတန်းလိုက်မျိုးစေ့ချကိရိယာဖြင့် ဆင်းသုခစပါးမျိုးအား လက်တွေ့ကွင်းဆင်းသရုပ်ပြစိုက်ပျိုးခြင်းကို ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲကပြုလုပ်ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက Seeder အတန်းလိုက်မျိုးစေ့ချကိရိယာနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးစိုးနိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိဦးဝင်းငွေတို့က Seeder အတန်းလိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးမှုအကြောင်း အကျယ်တဝင့်လက်တွေ့သရုပ်ပြဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ ဆက်)