ရွာငံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရွာငံ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာ​မောင်ခင်မင် (ဓနုဖြူ) ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့်  စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားပြီး၊ Book Clubအသင်းမှ​ ဦးနေလင်းအောင်က တပည့်​တွေအ​​ကြောင်းကိုလည်းကောင်း၊ ဦးအောင်မင်းသူမှ သူတို့ပြောတဲ့ မြန်မာအကြောင်းကိုလည်းကောင်း၊ မဝန်းရံခမှ ဆရာရေးပေးသော ၁၀ ပြားအ​ကြောင်းကိုလည်းကောင်း ဖတ်ကြားဆွေးနွေးကြပြီး တက်ရောက်လာသော စာပေချစ်သူများမှလည်း အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။ အဆိုပါစာဖတ်ဝိုင်းကို Book  Club အသင်းမှ စာ​​ပေဝါသနာရှင်များ တက်ရောက်ကြပြီး လစဥ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ပြည်ဖြိုးသန့်