စဉ့်ကူး ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ လစဉ်ပေးပို့သော ပညာရပ်မျိုးစုံပါဝင်သည့် စာအုပ်စာစောင်များအား ခင်းကျင်းပြသထားပြီး အသိပညာပေနံရံကပ်စာစောင်တွင် လူကုန်ကူးမှုအဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပါပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိသောဆိုးကျိုးများ၊ လူကုန်ကူးသူများ အသုံးပြုတတ်သောနည်းလမ်းများ၊ လူကုန်ကူးမှုကြုံတွေ့လာပါက တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးစာစောင်များ၊ လက်ကမ်းစာစောင်များ၊ ရုပ်ပုံကားချပ်များကို ပြသထားရာ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများစိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)