ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် သာမဏေကျော်၊ အစိုးရဓမ္မာစရိယ၊ အစိုးရနိကာယ်ဘွဲ့ရ အရှင်မြတ်များအား ချီးကျူးပူဇော်ပွဲကျင်းပ

ဒဂုံအရှေ့ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် ၁၂၀ ရပ်ကွက်ရှိ ဓမ္မသိင်္ဂါရသာမဏေကျော် ကျောင်းတိုက်တွင် စာအောင်သံဃာတော်များ ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်သည်။ ထို့နောက် ပြည်တွင်းပြည်ပသာသနာပြု မြောက်ဦးဆရာတော်ဓနဝါသီ အရှင်ဝါယမိန္ဒ (အဂ္ဂမဟာကမ္မဌာနစရိယ)မှ ငါးပါးသီလချီးမြှင့်သည်။ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်မှ စာအောင်အရှင်သံဃာတော်များအား ချီးကျူးဂုဏ်ပြုရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဓမ္မစရိယစာမေးပွဲတွင် ဓမ္မစရိယကျမ်းသုံးကျမ်းအောင်မြင်ခဲ့သည့် အရှင်ဏ္ဍန္ဒာစရိယာလင်္ကာရအား သာသနာဓဇဓမ္မာစရိယဘွဲ့လက်မှတ် စာအောင်လက်မှတ်များကို ဆက်ကပ်လှူဒါန်းသည်။

သာသနာဓဇဓမ္မာစရိယဘွဲ့အောင်(၂)ပါး၊ ပရိယတ္ထိသာနဟိတ သာမဏေကျော်ဘွဲ့အောင်(၁)ပါး၊ ပရိယတ္ထိသိဂါရ သာမဏေကျော်ဘွဲ့အောင်(၁)ပါး၊ အစိုးရဝိနယဝိဒူဘွဲ့အောင်(၂)ပါး၊ သာမဏကျော် ဒုတိယဆင့်အောင်(၂)ပါး၊ သာမဏကျော်ပထမဆင့်အောင်(၃)ပါး၊ ပထမပြန်အောင်(၅)ပါး၊ အစိုးရနိကာယ်ကျမ်းစွဲအောင်(၄)ပါး စုစုပေါင်း (၂၀)ပါး အောင်မြင်ခဲ့ကြောင်း သိရသည်။

ဖူးမို (ပြန်/ဆက်)