သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လဝက်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

သံဖြူဇရပ် ဇန်နဝါရီ ၁၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ လဝက်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ အချိန်က မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ဆန်စပါးစားသုံးမှုဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ဧကလျာထားချက်ပြည့်မီရေး အလေးထားဆောင်ရွက်ရန်၊ အငြိမ်းစားဝန်ထမ်းများ လစဥ်ပုံမှန်ပင်စင်ထုတ်ပေးရာတွင် ကျန်းမာရေးဦးစီးဌာနအနေဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှေက်မှုပေးနိုင်ရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စားသုံးဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး၊ စာသင်ကျောင်းများ၊ ရုံးဌာနများမှ မီးကင်းလုံခြုံရေးများထားရှိစေရေး ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ ကဏ္ဍအလိုက်ပြောကြားပြီး၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ သိရှိလိုသည်များကို တင်ပြဆွေးနွေးရာတာဝန်ရှိသူမှ ပြန်လည်ပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)