မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မိုင်းစံ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယ‌နေ့နံနက်(၁ဝ)နာရီခန့်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မိုင်းစံမြို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ဥမ္မာ‌ထွေးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက်  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် မိုင်းစံမြို့ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ဆောင်ရွက်ပြီး အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ ကျောင်းသူများဖြစ်ကြသည့် မအင်ကြင်းစံက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း မအင်ကြင်းက လူငယ်နှင့် ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနန်းမွေဦးက  လူငယ်နှင့် စာ‌ပေခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စကားဝိုင်းဦးဆောင်ဆွေးနွေးသူ ကျောင်းသူများမှ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

မိုင်းစံ (ပြန်/ဆက်)