မိုင်းယောင်းမြို့၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းယောင်း ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်အသိနှင့်ပညာစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာအုပ်စာပေချစ်မြတ်နိုးသည့် ဝါသနာတူ ကလပ်အသင်းများဖြစ်သည့် Book Club ၊ Youth Club အသင်းများနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ရှင်းလင်းပြောကြားပြီး “အသိနှင့်ပညာ”အကြောင်းကိုလည်ကောင်း၊ Book Club အသင်းမှ ဦးရဲမြတ်နိုင်မှ “ခေါင်းဆောင်စွမ်းရည်” အကြောင်းကိုလည်းကောင်း၊ စာကြည့်‌တိုက်လက်ထောက်-၃ ဒေါ်ဝေဝေခိုင်က ပူးပေါင်းဆောင်ရွက်ခြင်းအကြောင်းကိုလည်းကောင်း၊ Youth Club အသင်းမှ ဦးအောင်ရဲကျော်က “လူမှုဆက်ဆံရေး အရည်အသွေး” အကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က “မီဒီယာသမားကောင်း” အကြောင်းကိုလည်းကောင်း၊ Youth Club အသင်းမှ ဦးတင်ဆန်းက “အကယ်၍သာ စာဖတ်များခဲ့သော်”အကြောင်းကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။

ထို့နောက် မိမိတို့ဖတ်ကြားသည့် အကြောင်းအရာများ၊ စာဖတ်ခြင်းမှရရှိလာသည့် အသိပညာဗဟုသုတများ၊ စာပေဆိုင်ရာအသိအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)