ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကံကွေ့ကျေးရွာ မူလွန်ကျောင်း၌ နွားနို့တိုက်ကျွေးရေး (School Milk Programme)အစီအစဥ်ဆောက်ရွက်

ဝမ်းတွင်း  ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme) အစီအစဥ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ကံကွေ့ကျေးရွာ မူလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဖြိုးချစ်က ကျောင်းသား၊ကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme)များ ပြုလုပ်ရခြင်းနှင့် စပ်လျဥ်း၍ ကျောင်းနေအရွယ် ကလေးငယ်များအား ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ အရိုးအဆစ်သန်မာစေရန်၊ နို့သောက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စသည့်ရည်ရွယ် ချက်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်ကံကွေ့ကျေးရွာ အခြေခံပညာမူလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၆၀)ဦးအား နွားနို့များတိုက်ကျွေးခြင်းကို ဒေါက်တာမေဖြိုးချစ်နှင့် ဝန်ထမ်းများက နွေးထွေးစွာ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme)ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မိတ္ထီလာခရိုင် နို့စားနွားမွေးမြူသူများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မြို့နယ်(ပြန်/ဆက်)