မိုင်းရယ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် သိမှတ်ဖွယ်ရာခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြော

မိုင်းရယ် ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် သိမှတ်ဖွယ်ရာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်က အဖွင့်စကားပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမျိုးသန့်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး မဟာဗျူဟာနှစ်ရပ်ဖြစ်သည့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေးနှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှုလုံးဝချုပ်ငြိမ်းရေးပပျောက်ရေးဆိုင်ရာများ၊ နည်းဗျူဟာသုံးရပ်ဖြစ်သည့် ထုတ်လုပ်ရေးပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေးနှင့် တားဆီးနှိပ်နင်းရေးတို့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တားဆီးနှိမ်နင်းရေးကို အဓိကထားလုပ်ဆောင်နေမှုများ၊ မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို အသိပညာပေး ဟောပြောသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးဉက္ကဋ္ဌများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

မိုင်းရယ်(ပြန်/ဆက်)