ရမည်းသင်းမြို့နယ်၌ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

ရမည်းသင်း    ဇန်နဝါရီ   ၁၃

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့၌ သံဃာတော်များဦးဆောင်၍ ဘာသာသာသနာချစ်မြတ်နိုးသည့် ပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများမှ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက် ရှုတ်ချပွဲကို ဇန်နဝါရီ ၁၃ ရက်နံနက် ၁၀ နာရီအချိန်က ရမည်းသင်းမြို့၊ ပျဉ်တပ် ရပ်ကွက်ရှိရွေမုဋ္ဌော ဘုရားဝန်းအတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါကန့်ကွက်ရှုတ်ချပွဲတွင် ဦးစီးဆောင်ရွက်သည့် မီးအိမ်ရှင်ဆရာတော်ကဦးဆောင်၍ ရေဦး ကျောင်း၊ တက်ခေတ္တဗဗော်ဆရာတော်ဦးပဏ္ဍိတနှင့် တောင်သာလေးဆရာတော်ဦးအဂ္ဂဓဇ ဆရာတော်တို့က ဟောပြောခဲ့ကြပြီးသာသနာဖျက်အကြမ်းဖက် သမားအလိုမရှိ၊ အကြမ်းဖက် သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချသည့် ဗီနိုင်းများကိုင်ဆောင်ကာ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများပပျောက်ရေး (ဒို့အရေး)၊ ပြည်သူတွေရဲ့ အသက်ကိုရောင်း ဒေါ်လာတောင်းစားနေသည့် ခွေးဝဲစားပြည်ဖျက် မိစ္ဆာများ (အလိုမရှိ)၊ ပြည်ပဩဇာခံ ပြည်ဖျက် မိစ္ဆာအကြမ်းဖက်အဖွဲ့များ(အလိုမရှိ)၊ အကောက်ကြံခလောက်ဆန်လက်နက်ကိုင်သောင်းကြမ်း သူများ၏ နောက်ကွယ်မှကြိုးကိုင်နေသူများအား (ဆန့်ကျင်ကြ)၊ လမ်းတံတားများကိုဖျက်ဆီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကိုဖျက်ဆီးနေသော မျောက်သုံးကောင်းရှင်းလင်းရေး (ဒို့အရေး)၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာသော ပြည်ဖျက်မိစ္ဆာများအား အမြန်ရှင်းလင်းရေး (ဒို့အရေး)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်ပြားစေရန် လုပ်ဆောင် နေသော မြောက်ပိုင်းသောင်းကျန်းသူများအား  အပြီးသတ်ချေမှုန်းရေး(ဒို့အရေး)၊ အကြမ်းဖက် အစွန်းရောက်လုပ်ရပ်များ(အလိုမရှိ)၊ သာသနာဖျက် အကြမ်းဖက်သမားများ (အလိုမရှိ) စသည်ဖြင့် ကြွေးကြော်ရှုတ်ချခဲ့ကြကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲတွင် ရမည်းသင်းမြို့နယ်အတွင်းရှိဆရာတော်(၂၀)ပါးနှင့် ပြည်သူ (၁၀၀၀)ကျော်တက်ရောက်ကြခဲ့ကြောင်းသတင်းရရှိသည်။

ခရိုင်ပြန်/ဆက်