မြင်းခြံမြို့၌ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကျင်းပ

မြင်းခြံ ဇန်နဝါရီ ၁၃ 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကျင်းပရာ ဇန်နဝါရီ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ စာမေးပွဲဖြေဆိုပွဲကျင်းပခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းတွင် ကြံ့ခိုင်စွမ်းရည်မှုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလူရည်ချွန်ရွေးချယ်ပွဲ၏ ကြံ့ခိုင်စွမ်းရည်မှုပြိုင်ပွဲတွင့် ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်၏ ကြီးကြပ်မှုဖြင့် Grade-9 ကျောင်းသား/သူ(၅)ဦး၊ Grade-10 ကျောင်းသား/သူ(၅)ဦး၊  Grade-11 ကျောင်းသား/သူ(၆)ဦးနှင့် Grade-12 ကျောင်းသား/သူ(၄)ဦးတို့ ဖြေဆိုကြရာ အားကစား နည်းများဖြစ်သည့် မီတာ ၁၀၀၊ မီတာ ၄၀၀(မ)၊ မီတာ၈၀၀(ကျား)၊ အိပ်ထမတင်၊ ဒိုက်ထိုး၊ ရပ်လျှက်ခုန်တို့ကို ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။           

မြင်းခြံခရိုင်(ပြန်/ဆက်)