ကျောက်ဆည် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီက အဆိုပါကျောင်း အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ကျောက်ဆည်ခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ် ကျောင်းသား လူငယ်များ ဘက်စုံထူးချွန်ထက်မြက်စေရန်၊ အသိပညာအတတ်ပညာနှင့်ပြည့်စုံသည့် လူငယ်များပေါ် ထွန်းလာစေရန် “လူငယ်နှင့် စာရိတ္ တခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်သူများအား အသိပညာပေး ဟောပြောခဲ့သည့်အကြောင်းအရာများမှ မေးခွန်းများပြန်လည် မေးမြန်းခဲ့ရာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများက Myanmar Fitness Dance အကဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအတွက် ငွေကျပ်(၁၅)သိန်း တန်ဖိုးရှိ Outdoor fitness (၁)စုံအား ပေးအပ်လှူဒါန်းခဲ့ရာ အထက်တန်းပြ ဦးတင်အောင်မိုးမှ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြင်ဦးလွင် မျက်မမြင်ဘက်စုံပညာသင်ကျောင်းမှ ကျောင်းသူ(၂)ဦးက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသည့် သုတ/ရသ စာအုပ်များနှင့် လူငယ်စကားဝိုင်း ဆောင်ရွက်မှု၊ ကလေးအလုပ်သမား ပပျောက်ရေး၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်း ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင် စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
တင်တင်ထွေး