မန္တလေး ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းက ဌာနဆိုင်ရာစာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းနိုင်က အဖွင့် အမှာစကားပြောကြားပြီး စာအုပ်၊ စာစောင် များကို ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း စာကြည့်တိုက်သို့ ပေးအပ်လှူဒါန်းရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဆန်းကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက အလှူငွေကျပ် တစ်သိန်းပေးအပ်လှူဒါန်းရာ တိုင်းဖောင်ဒေးရှင်းဥက္ကဋ္ဌက လက်ခံရယူသည်။ ဆက်လက်ပြီး တိုင်းစာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဆက်လက်ကျင်းပရာ ဗဟိုညွှန်ကြားချက်ကို ချပြရှင်းလင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာ၊ ဌာနဆိုင်ရာ စာကြည့်တိုက်များအား စာအုပ်လှူဒါန်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်