၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြင်ဦးလွင်ခရိုင်အတွင်း အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ လုပ်ငန်းမှတ်ပုံတင်ပြုလုပ်ပေးနိုင်မှု လျာထားချက်ထက်ကျော်လွန်

ပြင်ဦးလွင် ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ ၂ဝ၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြင်ဦးလွင်ခရိုင်အတွင်း လုပ်ငန်းမှတ်ပုံတင်အခု ၅ဝ ဆောင်ရွက်ပေးရန် လျာထားခဲ့သော်လည်း ၂၀၂ခုနှစ် ဒီဇင်ဘာလကုန်အထိ လျာထားချက်ထက်ကျော်လွန်ကာ လုပ်ငန်းမှတ်ပုံတင် ၆ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ ပြောကြားချက်အရ သိရသည်။

ပြင်ဦးလွင်မြို့တွင် အများအားဖြင့် စားသောက်ရေးလုပ်ငန်း၊ ဝတ်ဆင်ရေးလုပ်ငန်း၊ နေထိုင်ရေးလုပ်ငန်း၊ လူသုံးပစ္စည်းလုပ်ငန်း၊ အိမ်သုံးပစ္စည်းလုပ်ငန်း၊ စာပေပုံနှိပ်လုပ်ငန်း၊ ကုန်ကြမ်းပစ္စည်းလုပ်ငန်း၊ ဓာတ်သတ္တုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်ပစ္စည်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊  လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အထွေထွေလက်မှုလုပ်ငန်းများ လာရောက်လုပ်ဆောင်ကြပြီး ထိုသို့လုပ်ငန်းမှတ်ပုံတင်ခြင်းများ ပြုလုပ်ပေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်ပြီးမှသာ လုပ်ငန်းမှတ်ပုံတင်ပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါ မှတ်ပုံတင်သက်တမ်းသည် နှစ်နှစ်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ထုတ်ကုန်ပစ္စည်းများကို သမားရိုးကျရောင်းချခြင်းထက် လုပ်ငန်းမှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီးရောင်းချပါက စားသုံးသူများ၏ယုံကြည်မှုကို ပိုမိုရရှိလာနိုင်သည့်အပြင် ပြည်တွင်းပြည်ပ ဈေးရောင်းပွဲတော်များတွင်လည်း ပါဝင်ခွင့်ရရှိနိုင်သောကြောင့် ဈေးကွက်ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သွေးသွေး(ပြန်/ဆက်)