မိုးကုတ် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ မြို့နယ်အတွင်း ကျေးရွာအုပ်စု(၅)စုမှ ထက်မံရောက်ရှိလာသည့် စစ်ဘေးရှောင် အိမ်ထောင်စုဝင် (၂၉)စုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့သောပစ္စည်းများနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သောပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးကုတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုအ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်သူရွှေက အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်မြင်မြင့်ဦးက ထောက်ပံ့ပစ္စည်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ငည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျေးရွာအုပ်စု (၅) စုမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်အိမ်ထောင်စုဝင် (၂၉)စုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်၊ ကြက်ဥ၊ အဝတ်အထည်များနှင့် မြန်မာနိုက်ငံကြက်ခြေနီအသင်းမှ အိမ်ထောင်စု(၁)စုလျှင် Hygnity Kit (၁)ပုံး၊ Dignity Kit (၁)ပုံး၊ အိပ်ယာခင်း/စောင်၊ ခြင်းထောင်စသည့် အသုံးအဆောင်ပစ္စည်းများကို စစ်ဘေးရှောင်အိမ်ထောင်စုဝင် (၂၉)စုထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)