ငါန်းဇွန်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ငါန်းဇွန် ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့ လောကနတ်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်မော်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ခရိုင် အဆင့် အသက်(၁၅-၂၀) ခေတ်ဟောင်းနှင့် ကာလပေါ် အဆိုပြိုင်ပွဲတွင် ဆုရရှိခဲ့သူ Grade-11 ကျောင်းသူ မယွန်းပိုးအိမ်က ချစ်စရာရွှေတမာ သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ၂၀၂၃.ခုနှစ်တွင် မြို့နယ်အတွင်းမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၃) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ၊ ခရိုင်လက်ရွေးစင် ဘောလုံး(ကျား၊ မ)၊ ဘောလီဘော(ကျား)၊ ပိုက်ကျော်ခြင်း(မ)၊ ကြက်တောင်(မ)၊ စားပွဲတင် တင်းနစ်(မ)နှင့် ပြေး ခုန် ပစ်(ကျား) တို့တွင် ရွေးချယ်ခံရသူကျောင်းသား/သူများ၊ မြို့နယ်အဆင့် လူရည်ချွန် (Grade-9၊ Grade-11၊ Grade-12) ပထမရရှိသူ ကျောင်းသား/သူများ၊ ခရိုင်အဆင့် ဆိုကရေးတီးပြိုင်ပွဲတွင် ပထမဆုရရှိသူ ကျောင်းသား/သူများ၊ မြို့နယ်အဆင့် ဆိုကရေးတီးပြိုင်ပွဲတွင် ပထမဆုရရှိသူ ကျောင်းသား/သူများ၊ ကမ္ဘာ့ဆရာများနေ့ စာစီစာကုံးပြိုင်ပွဲ (Grade-11)၊ (Grade-9)၊ (Grade-5)၊ ကဗျာပြိုင်ပွဲ (Grade-10 ၊ Grade-8)တွင် ပထမ ရရှိသူ ကျောင်းသား/သူများနှင့် မြို့နယ်အဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမရရှိသူ ကျောင်းသား/သူများ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် ကျပန်းစကားပြောပြိုင်ပွဲ (အထက် ဆင့်)နှင့် စာစီစာကုံးပြိုင်ပွဲ (အထက်ဆင့်)တွင် ဆုရရှိသော ကျောင်းသား/သူများ၊ ၂၀၂၃.ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်(၁၀၀%) ရရှိအောင် သင်ကြားပေးခဲ့သော ခြင်္သေ့လက် အ.ထ.ကနှင့် ကျောက်တလုံး အ.ထ.က(ခွဲ)မှ ကျောင်းအုပ်ဆရာမများ၊ ခရိုင်အဆင့် ဆိုကရေးတီးပြိုင်ပွဲတွင် ပထမဆုရှိသော ဒုတိယမြို့နယ် ပညာရေးမှူး ဦးမျိုးသန့်နှင့် အလက(ခွဲ) ထန်းတပင်ကျောင်းအုပ်ဆရာမ ဒေါ်ဌေးတင်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကနှင့် အသင်း/အဖွဲ့ဝင်များက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။                            

သက်နောင်ဦး(ငါန်းဇွန်)