ကော့မှူး ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် Seeder နှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တာလမ်းသစ်ရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးထွန်းဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးသက်နိုင်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဟိန်းတို့က မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် လိုက်နာရမည့်အချက်များအား အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ တောင်သူများအား သွင်းအားစုများ၊ မျိုးစေ့များ၊ မျိုးစေ့ချကိရိယာ Seeder များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တာလမ်းသစ်ရပ်ကွက် ကွင်းအမှတ် ၂၉၄ ဦးပိုင် (၁၄/၁၅)ရှိ ဒေါ်ဝါဝါသန်း၏ လယ်မြေ ၂၅ ဧက၌ မျိုးစေ့ချကိရိယာ Seeder ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါနွေစပါးလက်တွေ့စိုက်ပျိုးကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးထွန်းဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်)