တန့်ယန်း ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ခရိုင်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ပြိုင်ပွဲမှ ကိုယ်ကာယကြံ့ခိုင်နှင့် ယုံကြည်မှု စစ်ဆေးခြင်းပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားကွင်းကြီး၌ ရွေးချယ်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲကို ခရိုင်ပညာရေးမှူး ဦးကြည်လွင်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေဗဟုသုတ ဘာသာရပ်များကို ရေးဖြေနှင့် လူတွေ့နှုတ်ဖြေတို့ ဖြေဆိုခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် မီတာ(၁၀၀) ကျား/မ၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျှက်အလျားခုန်၊ အိပ်ထမတင်၊ မီတာ(၈၀၀)ကျား၊ မီတာ(၄၀၀) မ စသည့်ပြိုင်ပွဲများကို ကျင်းပစိစစ်ရွေးချယ်ရာ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့မှ Grade-12 ၌ (၄)ဦး၊ Grade-11 ၌ (၄)ဦး၊ Grade-10 ၌ (၄)ဦး၊ Grade-9 ၌ (၄)ဦး၊ စုစုပေါင်း ကျား(၈)ဦး၊ မ(၈)ဦး ပေါင်း(၁၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)