တန့်ယန်း ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမှတ် (၆) ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်းလွန်ကျောင်း ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ပညာရေးစုံညီပွဲတော်တွင် မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် အမှတ်(၆) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နန်းဦးတို့က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ပညာရေးဆိုင်ရာ ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကအလှများ၊ တေးသရုပ်ဖော်အကများဖြင့် တင်ဆက်ကပြကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)