ပုဗ္ဗသီရိမြို့နယ်၌ ကျောင်းအခြေပြု ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ ၁၂

ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြု ရှေးဦးသူနာပြုစုခြင်း(အခြေခံ) ကြက်ခြေနီသင်တန်း ဆင်းပွဲကို ယနေ့နံနက်ပိုင်း က ကျင်းပခဲ့သည်။

အခမ်းအနားတွင်  တိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်တင်က ကြက်ခြေနီသင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများက သဘာဝ ဘေးအန္တရာယ်နှင့် အခြားသော အခြေအနေများတွင် မတော်တဆ ထိခိုက်ဒဏ်ရာရရှိသူများအား လူနာကို ဆေးရုံသို့မရောက်မီ သက်သာစွာ နေထိုင်နိုင်စေရန်၊  အချိန်မီပြုစုစောင့်ရှောက်တတ်စေရန်၊ ရှေးဦးပြုစုခြင်း၊ စွမ်းရည်သရုပ်ပြခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်၍  ကြက်ခြေနီသင်တန်းတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ကျောင်းကြက်ခြေနီအသင်းခွဲသို့ First Aid Kid  ရှေးဦးသူနာပြု ကိရိယာအစုံကို ထောက်ပံ့ပေးအပ်ခဲ့ရာ မင်္ဂလာဒီပ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဇင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)