တံတားဦးမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်းပွဲကျင်းပ

တံတားဦး အောက်တိုဘာ  ၂၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲများ သင်တန်းဆင်းပွဲကို ယနေ့နံနက်()နာရီက တံတားဦးမြို့နယ် ဟံသာဝတီကျေးရွာအုပ်စု တောင်ဘီလူ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်းသိရသည်။

သတင်တန်းဆင်းပွဲတွင်  တံတားဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် နိုင်ငံအသီးသီးတွင် ရွေးကောက်ပွဲလုံခြုံရေးနှင့် ပတ်သက်လျှင် ရဲတပ်ဖွဲ့သည် အခြေခံ အကျဆုံးကဏ္ဍ၌  တာဝန်ယူရပါကြောင်း၊ အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲလုံခြုံရေး ဆောင်ရွက်ရာ၌ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ညွှန်ကြားချက်များ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများ ကြေညာစာတမ်းများကို သိရှိထားရန်လိုကြောင်း မိမိတို့တာဝန်ထမ်းမည့် မဲရုံများတွင် စနစ်တကျအမှားအယွင်းမရှိအောင် တာဝန်ဝတ္တရာများ ထမ်းဆောင် ကြရန် လိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် ဌာနဆိုင်ရာများ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဝန်ထမ်းများ သင်တန်းနည်းပြများ တက်ရောက်ကြကြောင်းနှင့် တံတားဦး မြို့နယ် အနေဖြင့် မဲရုံပေါင်း(၂၀၄) မဲရုံတစ်ရုံလျှင်တစ်ယောက်နှုန်းဖြင့် အထူးရဲ သင်တန်းသား (၂၀၄)ဦးကို အောက်တိုဘာ()ရက်နေ့မှ (၂၈) ရက်နေ့အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)