“ဆေးရွက်ကြီးအစားထိုးရိက္ခာသီးနှံစိုက်ပျိုး” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မရမ်းကုန်း ဇန်နဝါရီ ၁၂

ကျောင်းသား၊ လူငယ်များအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကိုသိရှိ ရှောင်ရှားစေရန်အတွက် ရည်ရွယ်ကာ “ဆေးရွက်ကြီးအစားထိုးရိက္ခာသီးနှံစိုက်ပျိုး” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦး‌အောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်‌မော်က ဆုများရွေးချယ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၅)ဦးနှင့် ဝင်‌ရောက်ဖြေဆိုသူတို့ကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲများကို မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ ပူးပေါင်းစီစဥ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယဉ်မော် (ပြန်/ဆက်)