ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် သံဃာတော်များဦးဆောင်၍ ဘာသာ၊သာသနာကို ချစ်မြတ်နိုးသည့်ပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်စီးမှုအပေါ်ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက် ၈ နာရီခွဲက လွတ်လပ်ရေးရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲတွင် ဦးစီးဆောင်ရွက်သူများက ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများက “သာသနာဖျက်အကြမ်းဖက်သမားအလို မရှိ”၊ အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချသည့် ဗီနိုင်းများကိုင်ဆောင်ကာ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများပပျောက်ရေး (ဒို့အရေး)၊ ပြည်သူတွေရဲ့ အသက်ကိုရောင်း ဒေါ်လာတောင်းစားနေသည့် ခွေးဝဲစား ပြည်ဖျက်မိစ္ဆာများ (အလိုမရှိ)၊ ပြည်ပဩဇာခံ ပြည်ဖျက်မိစ္ဆာအကြမ်းဖက်အဖွဲ့များ(အလိုမရှိ)၊ အကောက်ကြံခလောက်ဆန် လက်နက်ကိုင်သောင်းကြမ်းသူများ၏ နောက်ကွယ်မှ ကြိုးကိုင်နေသူများအား (ဆန့်ကျင်ကြ)၊ လမ်းတံတားများကိုဖျက်ဆီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကိုဖျက်ဆီးနေသော မျောက်သုံးကောင်းရှင်းလင်းရေး (ဒို့အရေး)၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာသော ပြည်ဖျက်မိစ္ဆာများအား အမြန်ရှင်းလင်းရေး (ဒို့အရေး)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပျက်ပြားစေရန် လုပ်ဆောင်နေသော မြောက်ပိုင်းသောင်းကျန်းသူများအား အပြီးသတ်ချေမှုန်းရေး(ဒို့အရေး)၊ အကြမ်းဖက် အစွန်းရောက်လုပ်ရပ်များ(အလိုမရှိ)၊ သာသနာဖျက်အကြမ်းဖက်သမားများ (အလိုမရှိ) စသည်ဖြင့် ကြွေးကြော်ရှုတ်ချခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းသား