မိုးနဲမြို့၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မိုးနဲ  အောက်တိုဘာ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဆိုင်ရာ အထူးရဲ သင်တန်းဆင်းပွဲကို ယနေ့ နံနက် နာရီအချိန်ခန့်က လွိုင်မြေရပ်ကွက် အမှတ်() အခြေခံပညာ အလယ်တန်း ကျောင်းအင်ကြင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်းက ရွေးကောက်ပွဲကာလအတွင်းတာဝန် ထမ်းဆောင်မည့်အထူးရဲများ သိသင့်သိထိုက်သောဘာသာရပ်များ၊ လိုက်နာရမည့် ကျင့်ဝတ်များကို သင်ကြားပို့ချခဲ့ပြီး ဖြစ်၍ ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ကြရန်နှင့် ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန် သင်တန်းဆင်းအမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလ အတွင်း စစ်ရေးပြ (လက်နက်မဲ) ၊လူ့အခွင့်အရေးဘာသာရပ် ၊ရဲကျင့်ဝတ် ဘာသာရပ် ၊ရဲစည်းကမ်းထိန်းသိမ်းရေး ၊ရွေးကောက်ပွဲဆိုင်ရာဥပဒေ ၊သတင်းမီဒီယာဥပဒေ နှင့်ကျင့်ဝတ် ၊ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့်ဘာသာရပ်များကို သင်ကြား ပို့ချခဲ့ပြီး မိုးနဲမြို့နယ်(ကျိုင်းတောင်းမြို့) အပါအဝင်မဲရုံပေါင်း (၃၁) ရုံထားရှိမည်ဖြစ်ရာ ခန့်အပ်ထားသည့် အထူးရဲ(၃၁)ဦးအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့်ပူးပေါင်းကာ ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင်တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သိရသည်။ 

မျိုးညွန့်ရွှေ (မိုးနဲ)