မန္တလေး ဇန်နဝါရီ ၁၂
ပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ မိမိတို့အားလပ်ချိန်ကို စာပေဖတ်ရှု့ခြင်းဖြင့် အသုံးချနိုင်စေရန်၊ စာအုပ်၊စာစောင်များကို အချိန်တိုအတွင်း လွယ်လင့် တကူ အဆင်ပြေစွာ ငှားရမ်းဖတ်ရှု့နိုင်စေရန် ၊ ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ဌာနဆိုင်ရာများသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းနှင့် မိသားစုဝင်များအား သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရာထမ်း၊ အမှုထမ်းနှင့် မိသားစုဝင်များ ငှားရမ်းဖတ်ရှုလိုသည့် သုတ၊ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့လည်း မည်သူမဆို လာရောက်အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၁၃၀၀)အုပ် ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို (၇)ရက်လျှင် တစ်ကြိမ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်သန်း(ပြန်/ဆက်)