ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

ဒဂုံတောင် ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၇၂)ရပ်ကွက်အနော်ရထာလမ်းတွင် ယနေ့နံနက် ၃ နာရီ ၂၀ မိနစ်အချိန်ခန့်က  မီးလောင်မှုဖြစ်ပွားသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်တပ်ဖွဲ့မှ ငြှိမ်းသတ်ရာ ၃ နာရီ ၃၄ မိနစ်တွင် မီးထိန်းနိုင်ပြီး ၃ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းကြောင်း သတင်းရရှိသည်။

အဆိုပါမီး‌လောင်မှုတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၇၂)ရပ်ကွက် အနော်ရထာလမ်းရှိ သွပ်မိုးထရံကာ ပျဉ်ခင်း(၁)ထပ်လူနေအိမ်(၃)လုံးမီးလောင်ခံရပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီအရာရှိဦးမြင့်သူ ကြီးကြပ်ကွပ်ကဲမှုဖြင့် သန္ဓေတပ်ဖွဲ့ဝင်(၂၅)ဦး၊ အရန်တပ်ဖွဲ့ဝင်(၁၀)ဦး စုစုပေါင်း(၃၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ငြှိမ်းသတ်ပေးကြောင်းနှင့် အဆောက်အဦနှင့် ပစ္စည်းဆုံးရှုံးမှုတန်ဖိုး နှစ်ဆယ့်နှစ်သိန်းငါးသောင်းဖြစ်ပြီး မီးလောင်မှုဖြစ်စဉ်အားစုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သတင်းရရှိသည်။

သန်းသန်းအေး