ပျော်ဘွယ်မြို့နယ် မူလွန်(အလယ်ကျွန်း)၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၂

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း (အလယ်ကျွန်း)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရမည့် အကြောင်းအရာများ၊ ပျော်ဘွယ်-ဘုရား ငါးဆူ ကားလမ်းမဘေးတွင်ရှိသည့် ကျောင်းဖြစ်ခြင်းကြောင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများသို သိရှိထားရမည့် အချက်များ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးဟောပြောသည်။

ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုငှားရမ်းခဲ့ကြကြောင်း၊ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)