တာချီလိတ် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ဗျူဟာ (အခြေချ) တာချီလိတ်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်ပညာရေးမှူး ဒေါ်သန္တာလွင်တို့က အမှာစကားပြောကြားပြီး အထက (ဆန်ဆိုင်း) ကျောင်းအုပ်ဆရာကြီး ဦးလှမျိုးက ပညာရေးစုံညီပွဲတော်နှင့် ကျောင်း၏တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် မြို့မိမြို့ဖများစုပေါင်း၍ ကျောင်းဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ငွေကျပ်(၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးလှမျိုးက လက်ခံရယူသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းတွင် အောင်ချက်အကောင်းဆုံး ပြည်နယ်အဆင့် ပထမဆု ရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး (၂)ဘာသာရ ကျောင်းသားနှင့် အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ၊ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ဆုရရှိသော ကျောင်းသား ကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ပံ့ပိုးပေးခဲ့သော အလှူရှင်များအား ဂုဏ်ပြုဆုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပြီး ကျောင်းသား ကျောင်းသူလေးများက အကအလှဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)