ပုံပါကျင် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ခုနှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပနိုင်ရေးအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အစည်းဝေးတွင် ကျောင်းအုပ်ဆရာမကြီးက ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ (၁၈) ရက်နေ့ တွင် ဆောင်ရွက်မည့်အကြောင်းနှင့် ကျောင်းတွင် အစည်းအဝေးခန်းမမရှိသဖြင့် ပညာရေးစုံညီပွဲတော်ကို ကျောင်းခန်းမအတွင်းဆောင်ရွက်ပါက နေရာထိုင်ခင်းကျဉ်းသောကြောင့် ဆောင်ရွက်ရန်အဆင်မပြေသဖြင့် ကျောင်းကွင်းပြင်တွင် မဏ္ဍပ်ပြုလုပ်၍ ဆောင်ရွက်မည့်အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းကော်မတီများက မဏ္ဍပ်ပြုလုပ်ရန် လိုအပ်သော လူအားနှင့်ပစ္စည်းများကို ကူညီပေးမည်ဖြစ်ပြီး မဏ္ဍပ်ကို ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဆောက်လုပ်ရန်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးမည့်အစီအစဉ်များကို ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)