ညောင်ဦး ဇန်နဝါ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက သင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားပြီး သင်တန်းသားများအား ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားသည်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသုံးပြုပုံနှင့် အသုံးပြုနည်းတို့အား ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ရှင်းလင်းပြသကြသည်။
ယင်းသင်တန်းကို ၁၂ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီး ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ ကျောက်ပန်းတောင်းမြို့မှ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးထက်အောင်နှင့် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးမှူးနှင့် သက်ဆိုင်ရာ နယ်မြေမီးသတ်စခန်တာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း