မောက်မယ် အောက်တိုဘာ ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ၈ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေ ချောမွေ့အောင်မြင်စေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင်ထားရှိဆောင်ရွက်မည့်မဲရုံများသို့ မောက်မယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တာဝန်ရှိ ဌာနဆိုင်ရာဝန်ထမ်းများက ယနေ့နံနက် ၉ နာရီကစတင်၍ ကွင်းဆင်းစစ်ဆေး ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦး၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိဌာန ဆိုင်ရာ ဝန်ထမ်း များသည် ရပ်ကွက်နှင့်ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့် ရွေးကောက်ပွဲကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာ ရေးနှင့်အားကစား ဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် သွားကြရန်လိုကြောင်း၊ မဲရုံအခင်းအကျင်းနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး ဆန္ဒမဲပေး သရုပ်ပြခြင်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)