ကွန်ဟိန်း ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကွန်ဟိန်းမြို့နယ်၊ ဝိန်းနန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း (ဝိန်းနန်း) တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာမူလတန်းကျောင်း (ဝိန်းနန်း) မှ ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတိမာန်" သီချင်းဖြင့် ကပြဖွင့်လှစ်ခဲ့သည်။ ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း (တာကော်) မှ ဆရာကြီး ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝိန်းနန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနာကိန်က အမှာစကားပြောကြားကာ အ.မ.က (ဝိန်းနန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးရီမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက တေးသီချင်းသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)