ကွန်ဟိန်းမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်းဖွင့်လှစ်၍ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေး

ကွန်ဟိန်း အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ကုန်တင်ယာဉ်ရပ်နားစခန်းအား နမ့်ဟိုင်းကျေးရွာ (ယခင်ဂေါက်ကွင်းဟောင်း မြေနေရာ)တွင် ဖွင့်လှစ်၍ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းအား ယနေ့ နံနက်(၈)နာရီအချိန်ခန့်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ်များ ညအိပ်ရပ်နားနိုင်ပြီး အဆင်ပြေချောမွေ့စွာ ဝင်ထွက်သွားလာရပ်နားနိုင်ရန်၊ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များဖြင့် ဝင်ထွက်သွားလာနေသူများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာမှုရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ထားသည့် ထောက်ခံချက်များပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း များဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ စစ်ဆေးခြင်းအား မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ ၊မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)