မြစ်သားမြို့နယ် ဘူတာ အ.မ.က ကျောင်း၌ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေး

မြစ်သား ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဘူတာရပ်ကွက်အတွင်းရှိ ဘူတာ အ.မ.က ကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်ပေးမှုကို   ယနေ့နံနက် ၉ နာရီအချိန်က နယ်လှည့်ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး  ဒေါ်စိုပြေဝင်းမှ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများကို တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေး ရောဂါအကြောင်းနှင့် ဆောင်းရာသီတွင် အဓိကဖြစ်ပွားတတ်သော နှာစေးချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့် အရေပြားရောဂါများကိုကုသပေးခြင်း တိုင်းရင်းဆေး သောက်ဆေး၊ လိမ်းဆေးပေးခြင်းများကို ကုသပေးခဲ့သည်။

မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူးနှင့်ဝန်ထမ်းများက  ကွင်းဆင်းကုသစနစ်ဖြင့် မြို့ပေါ်ရှိစာသင်ကျောင်းများနှင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းများကိုလည်း သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်း ကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းထံမှ သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)