မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဝမ်ကောင်း) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဝမ်ကောင်း) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းခုတ်မြို့၊ နယ်မြေခံတပ်နယ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူး​ကြီး သိန်း​ဇော်မိုးနှင့် ဝမ်ကောင်း ဓမ္မဆရာမ ဒေါ်လုဒီ (လားဟူဘာသာ​ဖြင့်) တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (A) အဆင့်ဖြင့် အောင်မြင်သော စတုတ္ထတန်းမှ KG တန်းအထိ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေး​နေ့ အားကစား​ပြိုင်ပွဲများတွင် ဆုရရှိ​သောကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူး​ကြီး သိန်းဇော်မိုး၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)