နောင်တရား ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ အမှတ် (၃) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းကုန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန် ဆုပေးပွဲသို့ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်က ယနေ့နံနက် (၉) နာရီတွင် တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်က အဖွင့်အမှာစကား ပြောကြားပြီး အ.မ.က ကျောင်းကုန်းကျောင်းမှ ကျောင်းကော်မတီတစ်ဦးက ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ပေးသည့် ကျောင်းသားမိဘများအား ကျေးဇူးတင် စကားပြောကြားခဲ့သည်။ ထို့နောက် စာပေထူးချွန်ဆုနှင့် အားကစားထူးချွန်ဆုများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ကျောင်းသီချင်းများ၊ ကျောင်းကပဒေသာများဖြင့် ကပြဖျော်ဖြေပြီး ကျောင်းသားမိဘများက တက်ရောက် အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)