ကျောက်ဆည် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး ယနေ့နံနက်ပိုင်းက စားအုန်းဆီတစ်ပိဿာ ငွေ(၅၃၉၁)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရောင်းချခဲ့သော စားအုန်းဆီများသည် Lann Sann Sann Co,Ltd မှ ရည်ညွှန်းဈေး တစ်ပိဿာ ငွေ(၄၉၅၅)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် ထနောင်ပင်လှ၊ မြေစို၊ မဉ္ဇူခြံ၊ ဘိုတိုင်ပေါက်၊ ပတ္တာ၊ မင်းစု၊ ပုထိုးတိုင်၊ ဇရပ်ဖြူ၊ ဆူလေကုန်း၊ မယ်ဇယ်ပင်ကျေးရွာများတွင် နေလသုခ၊ ဝင်းရတနာ၊ နဒီဧရာ၊ မီဇာန်၊ အာကာကျော်၊ အမေထွား၊ ဂျူးဂျူး ဆီအရောင်းဆိုင်များမှလည်းကောင်း၊ စဉ့်ကိုင်မြို့နယ် ညောင်ဝန်း၊ ပေါက်ရွာ၊ ကုန်းနီ ကျေးရွာများတွင် ဒေါ်လာ၊အောင်စိုးမိုး စားသုံးဆီအရောင်းဆိုင်များမှလည်းကောင်း၊ ကူမဲမြို့နယ်ခွဲမှ လမ်းခွ၊ ဇိမ်းကြီး၊ သာလွန်၊ ကျေးရွာများနှင့် အမှတ်(၁)ရက်ကွက်များတွင် အောင်စိုးမိုး၊ ငွေကလပ်၊ ရတနာဌေး၊ ရှယ်လီ၊ လှ၊ ဖိုးကံကောင်း စားသုံးဆီအရောင်းဆိုင်များမှလည်းကောင်း၊ ပလိပ်မြို့နယ်ခွဲမှ ညောင်ပင်သာကျေးရွာတွင် စစ်မှန်၊ ကျော်ကျော်မင်း စားသုံးဆီအရောင်းဆိုင်များမှ မိသားစုတစ်စုလျင် စားအုန်ဆီတစ်ပိဿာငွေ(၅၃၉၁)ကျပ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)