တန့်ယန်း ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ပညာရေးစုံညီပွဲတော်တွင် တန့်ယန်းခရိုင် ခရိုင်ပညာရေးမှူး ဦးကြည်လွင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက အခြေခံပညာအလယ်တန်းကျောင်းမှ ပညာရေးဆိုင်ရာ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကအလှများ၊ တေးသရုပ်ဖော် အကများဖြင့် တင်ဆက် ကပြကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)