ကျောက်ဆည် ဇန်နဝါရီ ၁၀
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၇) အခြေခံပညာမူလတန်း (လွန်)ကျောင်း ယနေ့ နံနက်(၉)နာရီက ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာ ရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၇) အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျောင်းနေပျော်၍ ပညာတော်သော၊ ဘက်စုံထူးချွန်ထက်မြတ်သော၊ ပူးပေါင်းဆောင်ရွတ်တတ်သော၊ ပြင်ပဗဟုသုတ ရှာဖွေလေ့လာတတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်နှင့် ကျောင်း၏ ဂုဏ်ဆောင်သော၊ မြို့နယ်၊ တိုင်းဒေသကြီး၊ နိုင်ငံအတွက် အားထားရသော ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာရေး အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာသင်နှစ် ဉာဏပြိုင်ပွဲများတွင် အတန်းစဉ်အလိုက် ဘာသာရပ်ထူးချွန်ဆု ရရှိသော ကျောင်းသား/ကျောင်းသူ(၃၇)ဦးနှင့် ကာယပြိုင်ပွဲများတွင် ထူးချွန်ခဲ့သော ကျောင်းသား/ကျောင်းသူ (၄၁)ဦး စုစုပေါင်း(၇၈)ဦးအား ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ဘာသာရပ်သင် ဆရာ/ဆရာမများ၊ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူလေများက သုံးပွင့်တစ်ခိုင် တေးသရုပ်ဖော် ပြဇာတ်ဖြင့် တေးသရပ်ဖော် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
သက်မောင်