ကလော ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကလောမြို့ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူတို့က ပုံပြင်ခေါင်းစဉ်အသီးသီးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆုကို ဝက်ကလေး(၃)ကောင်ခေါင်းစဉ်ဖြင့် မောင်လင်းလက်ရန်နိုင်ကလည်းကောင်း၊ ဒုတိယဆုကို သူငယ်ချင်းကောင်းခေါင်းစဉ်ဖြင့် မဆုပြည့်စံနှင့် တတိယဆုကို အမြောက်ကြိုက်သူခေါင်းစဉ်ဖြင့် မောင်အောင်ခန့်လင်းတို့က ဆွတ်ခူးရရှိခဲ့သည်။ ထို့နောက်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)